-
ဘာသာအစုအဖွဲ့တွေ လွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းတွေမှာ မွန်းကြပ်စွာအသက်ရှင်နေရတဲ့ ကျနော်တို့တွေအတွက်၊ ဘာသာတရားတွေကို မျက်လုံးမှိတ်ပြီး ရှိခိုးနေသူတွေကို လှောင်ပြောင်၊ ဟာသလုပ်၊ make fun of လုပ်ရတာ စိတ်ဒါဏ်ရာ၊ စိတ်နာကြင်မှုတွေကို ခေတ္တဖြေသိမ့်၊ မေ့ပျောက် စိတ်ထွက်ပေါက်မှုတစ်ခုကို ရပေမယ့်၊ သူတို့တတွေကို အမှန်တကယ်နားလည်ဖို့ကို အဟန့်အတားဖြစ်စေတယ်လို့မြင်တယ်။ ဘာကြောင့်လူတွေ ဒီလိုအပြုအမှုမျိုးလုပ်ရတာလဲဆိုတာ အရင်းအမြစ်ကနေ ကိုယ်တိုင် နားလည်မှ အဲ့ဒီအတွက် ကိုယ်တိုင် တစ်ခုခုလုပ်လို့ရမှာ၊ ကိုယ်လက်ရှိ ရောက်နေတဲ့ နေရာ၊ အသက်ရှင်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ အပြောင်းအလဲတစ်ခုကို contribute လုပ်နိုင်မှာမဟုတ်လား? အလှောင်ခံရလို့၊ ရှက်ပြီ၊ သိမ်ငယ်ပြီး၊ ဒါမှမဟုတ် ဒေါသထွက်ပြီး မိမိယုံကြည်ချက်တွေကို ပြန်ပြီး ဆန်းစစ်သုံးသပ်တာက ဖြစ်နိုင်ခြေနဲတယ်လို့မြင်တယ်။ စိတ်ရဲ့ သဘောသဘာဝက မိမိအတိုက်အခိုက်ခံနေရပြီလို့ခံစားရရင်၊ အလိုအလျှောက် ဒေါသနဲ့ ပြန်တုံ့ပြန်တတ်ပါတယ်။ အဲ့ဒီလို…